သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ် အဖြစ် လူဦးရေ ၇၃၃၂ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးပြီးဖြစ်
Mar 22,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်ဝင်းထွဋ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းသား/သူဦးရေ (၈၇၇)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 22,2022
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို စာစစ်ဌာန (၃)ခု၌ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသူ/သားပေါင်း (၈၇၇)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း ယ​နေ့ နံနက် ၁၁ နာရီက မြို့နယ်ပညာရေးရုံးမှ သိရသည်။
မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဘုတ်ပြင်းမြို့နယ် မီးသတ်ဦးစီးဌာနက အသင့်စုဖွဲ့ပြင်ဆင်ထားရှိ
Mar 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းများနှင့် မုန်တိုင်းဝင်ရာက်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြဘုတ်ပြင်းမြို့နယ် မီးသတ်ဦးစီးဌာနက မတ် ၁၉ ရက်ကစ၍ အသင့်စုဖွဲ့ပြင်ဆင် ထားရှိကြောင်း သိရှိရသည်။
တောင်ကြီးမြို့တွင် ပြည်သူများအား OSS စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Mar 22,2022
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covid Shield ကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Mar 22,2022
ကရင်ပြည်နယ်​ ကော့ကရိတ်ခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန Communitu Centre ခန်းမတွင် ယမန်​နေ့မွန်းလွဲပိုင်းက သဘာဝ​ဘေး အန္တရာယ် ကြိုတင်ကာကွယ်​ရေးအသိ ပညာ​ပေး​ဟော​ပြောပွဲကိုကျင်းပ​ဆောင်ရွက်ခဲ့သည်။
ချီဖွေမြို့နယ်အတွင်း လမ်းမကြီး​တစ်​​လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Mar 22,2022
ကချင်ပြည်နယ်၊​ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လောင်ဗျစ်ခေါင်သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအဖွဲ့၊ ဘာသာပေါင်းစုံလူငယ်များ စုပေါင်း၍ မြို့သန့်ရှင်းသာယာလှပရေးအတွက် ယမန်‌နေ့ နံနက်(၈)နာရီတွင် ပန်ဝါလမ်းခွဲမှ စတင်၍ မြို့တွင်းလမ်းမကြီး​တစ်​​လျှောက် သန့်ရှင်းရေးဆောင်ရွက်ခဲ့‌သည်။
ပြည်မြို့ (မြို့မ)ဈေးကြီးနှင့် ကမ်းနားလမ်းတစ်‌လျှောက် ပြည်သူများထံ မုန်တိုင်းဘေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ စည်ပင်သာယာမြို့မဈေးကြီးအပါဝင် တောတန်းဈေး၊ ကမ်းနားလမ်းဈေးတန်း တစ်လျှောက်နှင့် မော်တော်ကူးတို့ဆိပ်တို့၌ ပြည်သူများထံ မုန်တိုင်းဘေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈နာရီခွဲက ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
၂၀၂၂ ခုနှစ် (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနား ​အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအား ပြန်သုံးသပ်ဆွေးနွေးသည့် ညှိနှိုင်းအစည်းအ​ဝေးကျင်းပ
Mar 22,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၂ ခုနှစ် (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနား ​အောင်မြင်စွာ ကျင်းပ​ဆောင်ရွက်နိုင်​မှု အ​ခြေအ​နေများအ​ပေါ် ပြန်လည်သုံးသပ်သည့် အစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။