သတင်းများ

မြဝတီမြို့ အခြေခံပညာကျောင်းတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ
Mar 22,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မတ်၂၇ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းတွင် ဖြန့်ဝေပေးကြောင်း သိရသည်။
ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Mar 22,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က လူငယ်ထုများအကြား စာဖတ်သည့်အလေ့အထ အကျင့်ကောင်းများ တိုးပွား စေရေး၊ အသိပညာ ဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများအကြား ချစ်ခင်ရင်းနှီးမှု ပိုမို တိုးတက်ရရှိစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီပင်စင်လစာများ ထုတ်ပေး
Mar 22,2022
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အငြိမ်းစားဝန်ထမ်းများအား  ပင်စင်လစာများကို ယမန်နေ့မှ စတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ  မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဆိုလာစနစ်ဖြင့် ချောင်းရေတင်၍ သီးနှံများစိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး
Mar 22,2022
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ် ဝန်ကြီးများသည် ယမန်နေ့နံနက် ၁၁နာရီက ကျိုင်းတုံမြို့၊ ကျိုင်းဖောင်းရွာရှိ နမ့်ခင်ချောင်းသို့ ရောက်ရှိပြီး နမ့်ခင်ချောင်း တစ်လျှောက် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေတင်၍ သီးနှံများစိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှု အခြေအနေ များ ကြည့်ရှုစစ်ဆေးသည်။
ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်း နယ်လှည့်ကွင်းဆင်း ဆောင်ရွက်
Mar 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်လူရွယ်များ အသိပညာ ဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍
ဟင်္သာတခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများ ကြိုတင်ပြင်လုပ်ငန်းညှိနှိုင်း
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးမှုးရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သထုံမြို့နယ်၌ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ ပြင်ဆင်ထားရှိပြီး အသိပညာပေး လှည့်လည် နှိုးဆော်ခြင်းများ လိုက်လံဆောင်ရွက်
Mar 21,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ပြင်ဆင်ထားရှိပြီး ပြည်သူများ သတိရှိရေး အသိပညာပေး လှည့်လည်နှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ခရိုင်မီးသတ် ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများက လိုက်လံ ဆောင်ရွက်ခဲ့ကြသည်။
ရေးမြို့နယ်၌ မုန်တိုင်းအန္တရာယ်​အသိ​ပေး လည့်လည်နှိုး​ဆော်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ​ဆောင်ရွက်ထားရှိ
Mar 21,2022
ပို့​ဆောင်​ရေးနှင့် ဆက်သွယ်​ရေးဝန်ကြီးဌာန၊ မိုး​လေဝသနှင့် ဇလ​ဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုန်ပြန်လျက်ရှိသည့် မုန်တိုင်းအန္တရာယ် အသိ​ပေး​ကြေငြာချက်များကို မြို့နယ်မီးသတ် ဦးစီးဌာနမှ ယ​နေ့နံနက်ပိုင်း ၈ နာရီက မြို့နယ်​ပေါ်ရပ်ကွက်များနှင့် ​ချောင်းတောင်​ကျေးရွားအတွင်း လှည့်လည်အသိ​ပေး နှိုး​ဆော်လျက်ရှိ​ကြောင်း သိရသည်။