သတင်းများ

မြေပုံမြို့ရှိရပ်ကွက် အသီးသီးတွင် မုန်တိုင်းအန္တရာယ် သတိပေးချက်များအား လှည့်လည်ကြေညာ
Mar 22,2022
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား လှည့်လည်ကြေညာခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့ပေါ် ရပ်ကွက်အတွင်း လှည့်လည်ကြေညာကြသည်။
သထုံငါးလုပ်ငန်းစခန်း၌ GAqP Model Farm တည်ဆောက်ပြီးစီးမှု မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်‌ဆေး
Mar 22,2022
မွန်ပြည်နယ်၊ သထုံမြို့ရှိ ပြည်နယ်ငါးလုပ်ငန်းစခန်း၌ GAqP Model Farmတည်ဆောက်ပြီးစီးမှု အခြေအနေအား ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများတို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
မူဆယ်မြို့တွင် ရဲတပ်ဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်သူတရားခံ(၄) ဦးအား စုံစမ်းဖော်ထုတ် ဖမ်းဆီးရခဲ့မှုအတွက် ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်
Mar 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ခရိုင်/မြို့နယ်စုပေါင်းရုံးခန်းမ၌ မူဆယ်ခရိုင် ရဲတပ်ဖွဲ့နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ရာဇသတ်ကြီး ပုဒ်မ-၃၉၂/၃၀၂/၁၁၄အမှုမှ ပြစ်မှုကျူးလွန်သူ တရားခံ(၄) စုံစမ်းဖော်ထုတ် ဖမ်းဆီး ရခဲ့မှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ အစည်းအဝေးနှင့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးကျင်းပ
Mar 22,2022
မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၁/ ၂၀၂၂) နှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/ ၂၀၂၂)ကို ယမန့်နေ့ မွန်းလွဲ ၁ နာရီအချိန်က မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီဝင်များ တက်ရောက်ကြသည်။
မြေပုံမြို့၌ မုန်တိုင်းကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာတုံ့ပြန်နိုင်ရေးအတွက် ရှာဖွေ ကယ်ဆယ်ရေးသုံးပစ္စည်းများ အသင့်ဆောင်ရွက်ထားရှိ
Mar 22,2022
ရခိုင်ပြည်နယ်၊ ​ မြေပုံမြို့၌ မုန်တိုင်းကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအားအသင့် ဆောင်ရွက်ထား ရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်၌ သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ထားရှိ
Mar 22,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက တပ်ဖွဲ့ဝင်များဖြင့် အသင့်စုဖွဲ့ခြင်း လုပ်ငန်းများနှင့် ကြိုတင်ဇာတ်တိုက်ခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းမှစ၍ ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိကြောင်း သိရသည်။
ချီဖွေမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူများကို ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးလျက်ရှိ
Mar 22,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် တစ်မြို့နယ်လုံးကာကွယ် ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝလွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် ဆေးထိုးစုရပ်များခွဲကာ ကျေးလက်နေ ပြည်သူများကို ကာကွယ်ဆေးထိုးနှံရန် ကျေးရွာအရောက် ကွင်းဆင်း၍ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး နေ့စဉ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေး လျက်ရှိသည်။
ကျောက်တန်းမြို့နယ်တွင် မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်မှု များ စုပေါင်းဆောင်ရွက်
Mar 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးပြီး ကျေးရွာ အသင်းခွဲငယ်များနှင့် ပူးပေါင်း၍ မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ပါက တုံ့ပြန်ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်မှုများကို ယမန်နေ့ နေ့လယ်ပိုင်းက စတင်၍ မုတ္တမပင်လယ်ကွေ့နှင့် ထိစပ်နေသည့် ကုလားတန်းကျေးရွာအုပ်စု၊ သံတဲကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။