ဝိုင်းမော် မတ် ၂၂
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို စာစစ်ဌာန (၃)ခု၌ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသူ/သားပေါင်း (၈၇၇)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ပညာရေးရုံးမှ သိရသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းတွင်း ဖြေဆိုမည့်သူ (၅၇၉)ဦးနှင့် ကျောင်းပြင်ပဖြေဆိုသူ ဦးရေ(၂၉၈)ဦး စုစုပေါင် း(၈၇၇)ဦးတို့ ဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းထားပြီးဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မတ်လ (၂၄)ရက် နေ့တွင် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးထံတွင် ထုတ်ယူနိုင်ကြောင်း၊ ပြင်ပမှဖြေဆိုမည့် သူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ယူ နိုင်ကြောင်း သိရှိရသည်။
အဆိုပါ စာမေးပွဲအား မတ်လ (၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်နှင့် အညီ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝိုင်းမော်(ပြန်/ဆက်)