ကော့ကရိတ် မတ် ၂၂
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Communitu Centre ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲကိုကျင်းပဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေးစသည့် သဘာဝဘေးအန္တရာယ်တို့မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာရမည့်ဆောင်ရန် ရှောင်ရန်အချက်များနှင့် သဘာဝဘေးမကျရောက်မီ ကျရောက်ဆဲကျရောက်ပါက သိရှိလိုက်နာရမည့်အကြောင်းအရာတို့ကို အသိပညာပေးဟောပြော ခဲ့သည်။
အဆိုပါဟောပြောပွဲသို့ Youth Club အဖွဲ့ဝင်များတက်ရောက်ကြကြောင်းလည်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်-ပြန်/ဆက်)