ပြည် မတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ စည်ပင်သာယာမြို့မဈေးကြီးအပါဝင် တောတန်းဈေး၊ ကမ်းနားလမ်းဈေးတန်း တစ်လျှောက်နှင့် မော်တော်ကူးတို့ဆိပ်တို့၌ ပြည်သူများထံ မုန်တိုင်းဘေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈နာရီခွဲက ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ပြည်ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် ဝန်ထမ်းများက အဆိုပါ နေရာများရှိ ဈေးသည်၊ ဈေးဝယ်များနှင့် ခရီးသွားပြည်သူများထံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ဝေသည့် မုန်တိုင်းဘေး အသိပညာပေး လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြပြီး ယင်းအသိပညာပေး လက်ကမ်းစာစောင်တွင် "မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်း ဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန် အချက်များ၊ မုန်တိုင်း ဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များနှင့် (အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ အညိုရောင်၊ အစိမ်းရောင်)အစရှိသည့် မုန်တိုင်းသတိပေးစနစ် အရောင်အညွှန်းများနှင့် လုပ်ဆောင်ရမည့် အချက်များ အပါအဝင် သဘာဝဘေးအန္တရာယ် ကြုံတွေ့လျှင် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များနှင့် လိပ်စာများ ပါဝင်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)