ချီဖွေ မတ် ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လောင်ဗျစ်ခေါင်သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအဖွဲ့၊ ဘာသာပေါင်းစုံလူငယ်များ စုပေါင်း၍ မြို့သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့ နံနက်(၈)နာရီတွင် ပန်ဝါလမ်းခွဲမှ စတင်၍ မြို့တွင်းလမ်းမကြီးတစ်လျှောက် သန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။
ထို့နောက် ချီဖွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ပြည်သူများက မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် ရည်ရွယ်၍ ပြည်သူ များ အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်နိုင်ရေးနှင့် လမ်းဘေးတစ်လျှောက် အမှိုက်များ လွယ်လင့်တကူ စွန့်ပစ်ခြင်း မပြုနိုင်ရေးတို့အတွက် လမ်းဘေးဝဲယာရှိ ခြုံနွယ်များ/ သစ်ပင်၊ မြက်ပင်များ ရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ ရှင်းလင်းခြင်း၊ အမှိုက်များကို စည်းကမ်း တကျ စွန့်ပစ်နိုင်ရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်မာဝင်း(ပြန်/ဆက်)