တောင်ကြီး မတ် ၂၂
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covid Shield ကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ ဖာမွန်းကျေးရွာအုပ်စု၊ နောင်လေကျေးရွာ အုပ်စု၊ နန်းဟူးကျေးရွာအုပ်စု၊ ရွှေညောင်မြို့၊ ကွန်လုံကျေးရွာအုပ်စု၊ အေးသာယာမြို့၊ အမှတ် (၃) ရပ်ကွက်နှင့် ကျောက်တလုံးကြီးမြို့၊ ကက္ကူကျေးရွာအုပ်စု နေပြည်သူများအား သတ်မှတ်စုရပ်နေရာတွင် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စေတနာဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မတ်လ ၂၅ ရက်နေ့အထိ တောင်ကြီးမြို့နယ်အတွင်း ကျန်ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်၍ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း