သတင်းများ

ရှင်ဗွေယန်မြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 22,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနရုံးတွင် လာရောက်စာဖတ်ကြသော ကျောင်းသား/ သူများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၇:၀၀)နာရီအချိန်မှစ၍ ကိုဗစ်- ၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အလှည့်ကျထုတ်ပေး လျက်ရှိကြောင်း သိရသည်။
မင်းလှမြို့၌ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား လှည့်လည်ကြေညာ
Mar 22,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်‌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား ယမန်နေ့ ညနေ ၆ နာရီက မြို့ပေါ်ရပ်ကွက် အတွင်း လှည့်လည်ကြေညာခဲ့ကြောင်းသိရသည်။
စလင်းမြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသည့် ဒေသခံပြည်သူများအား ပထမအကြိမ် ကွင်းဆင်း ထိုးနှံပေး
Mar 22,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနေလင်းနိုင် ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ အဖွဲ့(၅)ဖြင့် ကွင်းဆင်းထိုးနှံကြကြောင်း သိရသည်။
ပန်းတောင်းမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Mar 22,2022
၂၀၂၂ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ရောက်ရှိမည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက် ၁၁ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ​ဦးစီးအရာရှိနှင့်ဝန်ထမ်းများက အထက-ပန်း​ တောင်းကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့ပေါ်ရှိ စက်ဆီ၊ ချောဆီ ရောင်းချနေသည့် အရောင်းဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး
Mar 22,2022
ကျောက်မဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီ အချိန်က ကျောက်မဲမြို့ပေါ်ရှိ စက်ဆီ၊ ချောဆီများ ရောင်းချနေသည့် အေးချမ်းသာ(၁)၊ အေးချမ်းသာ(၂)၊ သစ်ဆန်းပိုင်၊ ဝင်းစတိုး၊ မိတ်သစ်နှင့် လရိပ်ပြာဆိုင်တို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 22,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများက အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကြံခင်းမြို့တွင် မုန်တိုင်းသတိပေးချက်များကို ပြည်သူများသိရှိစေရန် အသိပေးနှိုးဆော်
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နေပြည်သူများ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းသတိပေးထုတ်ပြန်ချက်အား အချိန်နှင့်တပြေးညီ သိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိုနယ်ဦးစီးနှင့်ဝန်ထမ်းများက အဖွဲ့များခွဲပြီး ယနေ့နံနက် (၁၁)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၊ လမ်းများနှင့် လူစည်ကားရာနေရာများတွင် Hand Speaker ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။