ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

ကဝ မတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၇:၀၀)နာရီအချိန်မှစ၍ ကိုဗစ်- ၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အလှည့်ကျထုတ်ပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ပင်စင်လစာ ထုတ်ပေးရာတွင် ယနေ့ထုတ်ယူရသည့် မြို့ပေါ်ရပ်ကွက်များမှ အငြိမ်းစားဝန်ထမ်းများအား ထုတ်ပေးလျက်ရှိရာ လာရောက်ထုတ်ယူသူများပြားလျက်ရှိပြီး ကိုယ်တိုင်လာ ရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)