ဒက္ခိဏသီရိ မတ် ၂၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများက အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံမှုမှာ များပြားလာပြီဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ ဖြစ်သည့် မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ကြဉ်ကြရန်၊ မလိုအပ်ပဲအပြင်သို့ သွားလာခြင်းမပြုရန်၊ အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ရန်၊ လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေရန်နှင့် ကိုဗစ်-၁၉ မျိုးကွဲသစ်(အိုမီခရွန်) ကူးစက်မှုမဖြစ်ပွားစေရေး အတွက် တက်နိုင်သမျှအိမ်ထဲမှာနေ၍ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို ပြည်သူများလိုက်နာကြရန်၊ မိမိတွင်ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြပါရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါကို ထိထိရောက်ရောက် ကာကွယ် နိုင်ရန် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကိုလည်း အကြိမ်ရေပြည့်စွာ မပျက်မကွက် ထိုးနှံကြပါရန် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)