ရှင်ဗွေယန် မတ် ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနရုံးတွင် လာရောက်စာဖတ်ကြသော ကျောင်းသား/ သူများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက် (၅)ရပ်၊ "ပါဝင်ကူညီ" ခေါင်းစဉ်ဖြင့် ၁၉၄၇ ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်၊ တည့်မတ်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ စိုးမိုး(ပုသိမ်) ရေးသားသော "နွေအလှ" ကဗျာအပါအဝင် တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် ဆောင်ပုဒ်များပါဝင်ကြောင်းနှင့် “သတင်းစကား” လက်ကမ်းစာစောင်များကို ရှင်ဗွေယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းမာချိုနှင့် ဝန်ထမ်းများက အစောင်ရေ (၂၀၀)ကို အခမဲ့ ဖြန့်ဝေခဲ့ကြသည်။
ရှင်ဗွေယန် (ပြန်/ဆက်)