သတင်းများ

မိုးညှင်းမြို့နယ် နန်းမားဒေသတွင် အလှူရှင်များ၏ လှူဒါန်းငွေဖြင့် အောက်ဆီဂျင်အိုးများ အခမဲ့ဖြန့်ဖြူးရန်အတွက် သိုလှောင်ရုံအဆောက်အဦးတည်ဆောက်
Mar 21,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် နန်းမားဒေသတွင် အလှူရှင်များ၏ လှူဒါန်းငွေဖြင့် အောက်ဆီဂျင်အိုးများ အခမဲ့ဖြန့်ဖြူးနိုင်ရန်အတွက် မတ်လမှ စတင်ကာ ညောင်ကုန်းရပ်ကွက်၌ သိုလှောင်ရုံအဆောက်အဦး တည်ဆောက်လျက်ရှိကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ် Community Centre ခန်းမတွင် Book Club(စာအုပ်၊စာပေချစ်မြတ်နိုးသူများ) အဖွဲ့ဝင်များနှင့်(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာဖတ်ဝိုင်းပြုလုပ်
Mar 21,2022
မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊Community Centre ခန်းမတွင် Book Club(စာအုပ်၊စာပေ ချစ်မြတ်နိုးသူများ)အဖွဲ့ဝင်များနှင့် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
တောင်ကြီးမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Mar 21,2022
နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူ ဖြစ်စေနိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့်  ယနေ့နံနက် ၉ နာရီခွဲမှ စတင်၍ တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား  Door to Door  စနစ်ဖြင့် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြင်စလူမြို့၌ မုန်တိုင်းကျရောက်လာပါက မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် cyclone shelter နှင့် စုရပ်နေရာများသို့ ပြောင်းရွှေ့ပေးလျက်ရှိ
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ မုန်တိုင်းကျ ရောက်လာပါက မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်(၁၁:၀၀)အချိန်ခန့်က cyclone shelter နှင့် စုရပ်နေရာများသို့ ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် နွေရာသီအားကစားနှင့်ကာယပညာသိပ္ပံ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက်ရောက်နိုင်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားကစားနှင့် ကာယပညာသိပ္ပံ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက်ရောက်နိုင်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ဆောင်ရွက်သည်။
ကွတ်ခိုင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များ (MCCT) အကျိုးခံစားခွင့် ရှိသူများအား ထောက်ပံ့ကြေးပေးအပ်
Mar 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမ သုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ‌ မွေးဖွားသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား MCCT အစီအစဉ်ဖြင့် ထောက်ပံ့ကြေး ပေးအပ်ခြင်းကို ယနေ့နံနက်က (၁၀)နာရီအချိန်က ရပ်ကွက်(၁)နှင့် ရပ်ကွက်(၅) အုပ်ချုပ်ရေး မှူးရုံးတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လက်ဝယ်အ‌ရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တာချီလိတ်မြို့ TSDP အားကစားပွဲတော်ဖွင့်ပွဲ တက်ရောက်အားပေး
Mar 21,2022
တာချီလိတ်မြို့၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP) အရ လူငယ်များ ကာယစွမ်းအား၊ ဉာဏစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့မအားကစားကွင်းတွင် ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တက်ရောက်အားပေး အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့၌ စားသုံးသူအခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Mar 21,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စားသုံးသူအခွင့်အရေးများနှင့် ပြည်သူများ အကျိုးစီးပွား လုံခြုံစိတ်ချမှုရှိစေရန် ရည်ရွယ်၍ စားသုံးသူအခွင့်အရေးများဆိုင်ရာ အသိညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။