ပန်းတောင်း မတ် ၂၂
၂၀၂၂ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ရောက်ရှိမည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက် ၁၁ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက အထက-ပန်း တောင်းကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ယနေ့ခေတ် ကျောင်းသား၊ကျောင်းသူ လူငယ်၊ လူရွယ်များ သိထားသင့်သည့်(၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏အစဉ်အလာကောင်း(၁၂)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ခုနှစ် ဗမာနိုင်ငံလုံး ဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင်ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ ကဗျာ၊ ကာတွန်း၊ ဆောင်းပါးများပါဝင်ကြောင်း သိရ သည်။
သင်းသင်းအေး