သတင်းများ

ဆိပ်ဖြူမြို့နယ်တွင် ကုလားပဲစိုက်တောင်သူများ ထွက်နှုန်းသင့်တင့်ပြီး ဈေးကောင်းရရှိ
Mar 21,2022
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဆောင်းသီးနှံ ကုလားပဲစိုက်ပျိုးတောင်သူများ ကုလားပဲ ထွက်နှုန်း သင့်တင့်မှုရှိပြီး ယခင်နှစ်ထက်ကုလားပဲရရှိကြောင်း သိရသည်။
မြင်းမူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူနည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေး
Mar 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကန်ဖျားကျေးရွာ (ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ)တွင် တောင်သူများအတွက် နည်းပညာပေး လုပ်ငန်းအဖြစ် လယ်ယာထွက် ကုန်ကြမ်းစပါးခွံဖြင့် ပေါင်းခံရည် ပြုလုပ်သုံးစွဲနည်းအား မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများက ယမန်နေ့က ကွင်းဆင်းပြသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ သံတွဲခရိုင် လူထုအခြေပြုဗဟို ဌာန(Community Centre)၌ကျင်းပ
Mar 21,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီမှ ကြီးမှူး ကျင်းပသည့် (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသား နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်သည်။
အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Mar 21,2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ် ဦးစီးအရာရှိ ရုံးခန်းမတွင် ၂၀၂၂-ခုနှစ် ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အသင့်စုဖွဲ့ပြင်ဆင်ထားရှိ
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများနှင့် မုန်တိုင်းဝင်ရာက်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာနက မတ်လ ၂၀ နေ့ကစ၍ အသင့်စုဖွဲ့ ပြင်ဆင်ထားရှိကြောင်း သိရှိရသည်။
ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (၂)ကြိမ်ပြည့် ထိုးနှံပြီးသူများအား ထပ်ဆောင်း အကြိမ်ထိုးနှံပေး
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို သက်သာလျော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို သက်ဆိုင်ရာ စုရပ်များအလိုက် ထိုးနှံပေးလျက် ရှိသည်။
မိတ္ထီလာမြို့အောင်ဆန်းရပ်ကွက် မြို့သစ် (၂)လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Mar 21,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော အောင်ဆန်းရပ်ကွက် မြို့သစ် (၂)လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်မည်
Mar 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကာ နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်များ ကာယစွမ်းအား/ဉာဏစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်အတွက် နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးမည်ဖြစ်သည်။