သတင်းများ

မောက်မယ်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေးလျက်ရှိ
Mar 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်က မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ယနေ့နံနက် ၉ နာရီက ပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေးလျက်ရှိရာ စိတ်အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
သီပေါမြို့မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး
Mar 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နတ်​မောက်မြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Mar 21,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လ ဘတ်ဂျက်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေကျပ် သိန်း (၅၀၀) နှင့် ပြည်သူ ထည့်ဝင်ငွေတို့ပူးပေါင်း၍ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား ဒီဇင်ဘာ ပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ကျေးလက်တိရစ္ဆာန်ကျန်းမာရေး အထောက်အကူပြု သင်တန်းဖွင့်လှစ်
Mar 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မာတေလ်ဆာ(NGO) အဖွဲ့အစည်းတို့ ပူးပေါင်း၍ ကျေးလက် တိရစ္ဆာန်ကျန်းမာရေး အထောက်အကူပြု သင်တန်းကို မယ်ကော်ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်
Mar 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအား သတ္တမအသုတ် (ဒုတိယ)အကြိမ် အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Mar 21,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများအား သတ္တမအသုတ် (ဒုတိယ) အကြိမ် အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်နေရာများတွင် ဆက်လက် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ဂွမြို့နယ်တွင် မုန်တိုင်းငယ်သတိပေးချက်အား ပြည်သူများသိရှိစေရေး အသံချဲ့စက်များဖြင့် အသိပညာပေး နှိုးဆော်
Mar 21,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် သဘာ၀ဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်သဘာ၀ဘေး ကာကွယ်တားဆီးရေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့်သတင်းနှင့် အသိပညာပေး ဆပ်ကော်မတီမှ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းငယ် သတိပေးချက်အား ပြည်သူများ သိရှိစေရေးနှင့် ကြိုတင် ကာကွယ်ဆောင်ရွက်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများအား ယမန်နေ့ ညနေပိုင်းနှင့် ညပိုင်းများတွင် မြို့ပေါ်ရပ်ကွက်များ၊ ရဟိုင်ကူးတို့ကျေးရွာနှင့် ကမ်းခြေဦးတို့သို့ သွားရောက်ကာ ဆောင်ရွက် ခဲ့ကြသည်။
ကိုင်းမကြီးကျေးရွာ မီးလောင်ဆုံးရှုံးသွားသော တောင်သူများ၏ မျိုးစေ့လိုအပ်ချက် တင်ပြတောင်းခံ
Mar 21,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကိုင်းမကြီးကျေးရွာတွင် မတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က မီးလောင်၍ ဆုံးရှုံးသွားသော တောင်သူများ၏ မျိုးလိုအပ်ချက်အတွက် မျိုးစေ့များ ထောက်ပံ့ပေးနိုင်ပါရန် တင်ပြတောင်းခံ ထား ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။