ပေါက်ခေါင်း မတ် ၂၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ် ဦးစီးအရာရှိ ရုံးခန်းမတွင် ၂၀၂၂-ခုနှစ် ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သော အပြည်ပြည် ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦးက ဖတ်ကြားပြီး၊မြို့နယ် သစ်တောဦးစီးအရာရှိ ဦးနေမျိုးဝင်းက အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်ဂုဏ်ပြုစာတမ်းအား ဖတ်ကြားသည်။
ဆက်လက်၍ ၂၀၂၂-ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် မှတ်တမ်းဗွီဒီယိုကလစ်နှင့် သစ်တောပြုစု ထိန်းသိမ်းခြင်းနှင့် ပက်သက်သည့် မှတ်တမ်းဓာတ်ပုံများကို ပြသရာတက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်