တန့်ယန်းမြို့နယ်တွင် နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်မည်

တန့်ယန်း မတ် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကာ နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်များ ကာယစွမ်းအား/ဉာဏစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်အတွက် နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးမည်ဖြစ်သည်။

ထိုသို့ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရန်အတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ လှမျိုးမြင့်နှင့် နည်းပြဆရာများ၊ မြို့နယ်ပညာရေးဌာနမှ ဆရာ/ ဆရာမများက ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ အေရိုးဗစ်နှင့် မြန်မာ့ရိုးရာသိုင်း စသည့် အားကစားနည်း (၇)မျိုးကို အမှတ် (၁)နှင့်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံများတွင် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြာင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။                                                              

မင်းလွင်ဦး(ပြန်/ဆက်)