သတင်းများ

နောင်ချိုမြို့နယ် စေတနာမွန်အသင်းမှ ရေခက်ခဲသောကျေးရွာများသို့ ရေများသွားရောက်လှူဒါန်း
Mar 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စေသနာမွန်အသင်းမှ မြို့နယ်အတွင်း ရေခက်ခဲသောကျေးရွာများသို့ ရေများသွားရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင်ရပ်ကွက်/ကျေးရွာများသို့ကွင်းဆင်း၍ကိုဗစ်-၁၉ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Mar 25,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ် အထက်ရှိသူများနှင့်ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်း၍ လိုက်လံထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက သဲတော(၃)၊ လျော်ပင်ကျေးရွာဈေးနှင့် သတ်မှတ်ထားသောကျေးရွာတို့တွင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကျိုက်လတ်၌ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်ဆရာတော် ဘဒ္ဒန္တ ဇဝနဝံသမဟာထေရ်၏ သက်တော်(၈၁)နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဂုဏ်ပြု ပူဇော်ပွဲကျင်းပ
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော် ဘဒ္ဒန္တ ဇဝနဝံသမဟာထေရ်၏ သက်တော်(၈၁)နှစ်ပြည့် မွေးနေ့မင်္ဂလာနှင့် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ဂုဏ်ပြု ပူဇော်ပွဲကို အမှတ်(၄)ရပ်ကွက်ရှိ ဇဝနဗုဒ္ဓအကယ်ဒမီကျောင်းဝန်းအတွင်းရှိ ပညာဝေပုလ္လ ပိဋကတ်စာကြည့်တိုက်တွင် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်း အရှိန်အဟုန်မပျက်ဆောင်ရွက်
Mar 25,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြုမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာသို့ ကွင်းဆင်းပြီး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနပြုလုပ်မည့်ကျောင်းအား မီးဘေးကြိုတင် ကာကွယ်ရေးစစ်ဆေး ဆောင်ရွက်
Mar 25,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုလာမည့် မတ်လ ၃၁ ရက်နေ့တွင် စတင် ကျင်းပတော့မည် ဖြစ်ရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲအတွက် စာစစ်ဌာနပြုလုပ်မည့် အခြေခံပညာအထက်တန်းကျောင်း (အထက- ခနောင်တို)အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီက မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ အဆိုပါကျောင်းတွင် သွားရောက်ဆောင်ရွက်ခဲ့သည်။
ပေါက်မြို့နယ်တွင် ယောချောင်းဘေးတစ်လျှောက်ရှိ ဆောင်းရာသီကြက်သွန်စိုက်ခင်းများ မုန်တိုင်းမိုး ရွာသွန်းသော်လည်း ပျက်စီးဆုံးရှုံးမှုမရှိ
Mar 25,2022
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ဒေသခံတောင်သူများက ရာသီမပြတ် စီးဆင်း နေသော ကျောချောင်း၊ ယောချောင်းနှင့် မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရကာ ယခုနှစ် ဆောင်းရာသီတွင် စိုက်ပျိုးထားသော ကြက်သွန်နီ စိုက်ခင်းများ အချိန်အခါမဟုတ် မုန်တိုင်းမိုးရွာသွန်းသော်လည်း ရေကြီးရေလျှံမှုနည်းပါးကာ ပျက်စီးဆုံးရှုံးမှု မရှိကြောင်း ပေါက်မြို့နယ် အတွင်းရှိ ကြက်သွန်နီစိုက်ပျိုး တောင်သူများထံမှ သိရသည်။
မန္တလေး - သူရဲစျေး မြို့ပတ်ရထားလမ်းပိုင်းတွင် RBE ရထား ပြေးဆွဲခြင်း ဖွင့်ပွဲကျင်းပ
Mar 25,2022
မန္တလေး-သူရဲစျေး မြို့ပတ်ရထားလမ်းပိုင်းတွင် RBE ရထား ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းက မန္တလေး၊ ချမ်းအေး သာစံမြို့နယ်ရှိ မန္တလေးဘူတာကြီးတွင် ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် ဒေသခံတောင်သူများ နွေနှမ်းနှင့် အခြားနွေသီးနှံ စတင်စိုက်ပျိုး
Mar 25,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံလျာထားဧက ပြည့်မီရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်းနှင့် အခြားနွေသီးနှံ စတင်စိုက်ပျိုးလုပ်ကိုင်နေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။