ပေါက်ခေါင်း မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို သက်သာလျော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို သက်ဆိုင်ရာ စုရပ်များအလိုက် ထိုးနှံပေးလျက် ရှိသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများကိုလည်း ကာကွယ်ဆေးရရှိမှုပေါ် မူတည်၍ ထိုးနှံပေးလျက် ရှိသည်။ ယနေ့နံနက်ပိုင်းတွင်လည်း ပေါက်ခေါင်းမြို့ လေးမျက်နှာ ဇာတ်ရုံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (၂)ကြိမ် ပြည့်ထိုးနှံပြီး (၆)လပြည့်ပြီးသူ ပြည်သူများကို ထပ်ဆောင်း ကာကွယ်ဆေး Booster doses ကို ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက အိန္ဒိယနိုင်ငံထုတ် (Covishield) အမျိုးအစား ကိုဗစ် ကာကွယ်ဆေးကို ပြည်သူ (၃၄၅)ဦးအား လမ်းညွှန်ချက် များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်