သတင်းများ

တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတောင်စေတီကြီး၏ ၁၁၉၂နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အထိမ်းအမှတ် အသံမစဲမဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Mar 21,2022
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ ဂုဏ်ဆောင်ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာ ရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ၁၁၉၂ပြည့် ဗုဒ္ဓပူဇနိယ (တပေါင်း)ပွဲတော်ကြီးကို ၁၃၈၃ခုနှစ် တပေါင်းလပြည့်ကျော် ၅ ရက်နေ့မှ တန်ခူးလဆန်း ၈ရက်နေ့အထိ(၁၉) ရက်တိုင်တိုင် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့် ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စေတီတော်ကြီးရဲ့ သြဝါဒစရိယဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူ၍
ဆွမ်ပရာဘွမ်မြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ
Mar 21,2022
ဆွမ်ပရာဘွမ်မြို့တွင်၂၀၂၂ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆွမ်ပရာဘွမ်မြို့ပေါ် ရပ်ကွက်များ၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့၌ (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 21,2022
လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့်(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များကို  ယနေ့တွင် မြို့ပေါ်ရပ်ကွက်နှင့် ​ကျေးရွာအုပ်စုများတွင် ဖြန့်ဝေပေးခဲ့ကြသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ကာကွယ်ဆေး မထိုးရသေးသည့် ဒေသခံပြည်သူများအား မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်း ထိုးနှံပေး
Mar 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေး ဝန်ထမ်းများက မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ငရုတ်စိုက်ဧက(၁၃၅၉)ဧက စိုက်ပျိုးပြီးဖြစ်
Mar 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ်၌ ငရုပ်စိုက်ဧက (၁၃၅၉) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇလွန်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရမည်းသင်းမြို့နယ်၌ နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်
Mar 21,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ရွေစည်းခုံရပ်ကွက်၊ ရွှေစည်းခုံကျောင်းတိုက် ဆရာတော်များ ဦးဆောင်၍ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲကို မတ်လ ၂၁ ရက်နံနက် ၈ နာရီခွဲက ရွှေစည်းခုံကျောင်းတိုက် ဓမ္မာရုံ ၌ ကျင်းပပြုလုပ်သည်။
နတ်မောက်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်
Mar 21,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသည့် ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက(န) ဂွေးချိုကျေးရွာအုပ်စု၊ (န)ဂွေးချိုကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ပြုလုပ် ဆောင်ရွက် ပေးခဲ့သည်။