ရမည်းသင်းမြို့နယ်၌ နွေရာသီ ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်

ရမည်းသင်း  မတ်၂၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ရွေစည်းခုံရပ်ကွက်၊ ရွှေစည်းခုံကျောင်းတိုက် ဆရာတော်များ ဦးဆောင်၍ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲကို မတ်လ ၂၁ ရက်နံနက် ၈ နာရီခွဲက ရွှေစည်းခုံကျောင်းတိုက် ဓမ္မာရုံ ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နိုင်ငံတော်သံဃာဗဟိုဝန်ဆောင် ဆရာတော်အမှူးပြုသည့် သံဃာတော်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများ၊ ယဉ်ကျေးလိမ္မာသင်တန်းသား၊ သင်တန်းသူများမှ နမောတဿ (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ကာရွှေစည်းခုံကျောင်း ပဓာနနာယကဆရာတော်က ငါးပါးသီလချီးမြှင့်ပြီး မြို့နယ်သံဃာနာယက အဖွဲ့ဥက္ကဋ္ဌ ပုတီးကုန်းကျောင်းဆရာတော်က ဩဝါကထာမိန့်ကြားပြီး အလှူရှင် ဦးသောင်းညွန့်-ဒေါ်ဝင်းကြည်(အေးချမ်းသာ ဆေးဆိုင်) မိသားစုမှ ဆရာတော်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ယဉ်ကျေးလိမ္မာ သင်တန်းသား၊သင်တန်းသူများအား ဗလာစာအုပ်၊ဘောပင်တို့ကို ထောက်ပံ့လှူဒါန်းသည်။

ဆက်လက်၍ ဓမ္မစကူးလ်တွဲဘက် အကျိုးတော်ဆောင်(မြို့နယ်သံဃာနာယကအဖွဲ့)သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ဥက္ကဋ္ဌ ရန်ကြီးအောင်ကျောင်းဆရာတော်က ဩဝါဒကထာမိန့်ကြား ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စားအဖွဲ့ဝင် ဦးဝင်းမြင့်က သာသနာတော်ဆိုင်ရာ များလျောက်ထားပြီး ယဉ်ကျေးလိမ္မာသင်တန်းမှူး အရှင်စန္ဒာသီရိ၊ သာသနဓဇဓမ္မစရိယ၊ သာသနတက္ကသီလဓမ္မစရိယ BA(Biddhism)က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းမိန့်ကြားကာ သင်တန်းကို ဆက်လက်ပို့ချရာ သင်တန်းသား၊ သင်တန်းသူ(၁၇၄)ဦး တက်ရောက်ကြပြီး သင်တန်းကို ဧပြီ ၉ရက်နေ့ထိ နေစဉ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရသည်။

ဇော်ဝင်းအောင်(ပြန်/ဆက်)