ကျောက်ဆည် မတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ်၌ ငရုပ်စိုက်ဧက (၁၃၅၉) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်မှ တောင်သူများအနေဖြင့် ငရုပ်များစိုက်ရာတွင် မြေအနေအထားနှင့် ဈေးကွက်ရရှိရေး သီတင်းကျွတ်လမှ တစ်ပိုတွဲလအထိ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ရေသွင်းရေထုတ် လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်တန်းစိုက်ပျိုးခြင်း၊ နှစ်ပင်တန်းစိုက်ပျိုးခြင်း ဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း ရောင်းချရာတွင် ဈေးကွက်ကောင်းပါက အသီးအစိမ်းခူးဆွတ် ရောင်းချပြီး ဈေးကွက်မကောင်းပါက အသီးရင့်မှည့်သည်အထိထားကာ အခြောက်လှန်းပြီး ရောင်ချခြင်းများ ပြုလုပ်ကြကြောင်း ကျီးပြကျေးရွာမှ တောင်သူဦးသန်းထွန်းက ပြောပြသည်။
ကျောက်ဆည်မြို့နယ်၌ ငရုပ်များကို တိုက်နယ်(၁)တွင် (၂၉၁)ဧက၊ တိုက်နယ်(၂)တွင် (၃၈၈)ဧက၊ တိုက်နယ်(၃)တွင်(၁၂)ဧက၊ တိုက်နယ်(၄)တွင် (၁၂၀)ဧက၊ တိုက်နယ်(၅)တွင်(၅၇)ဧက၊ တိုက်နယ်(၆) တွင်(၅၁)ဧက၊ တိုက်နယ်(၇)တွင်(၈၂)ဧက၊ တိုက်နယ်(၈)တွင်(၄၅)ဧက၊တိုက်နယ်(၉)တွင် စိုက်ပျိုးခြင်းမရှိကြောင်းနှင့် တိုက်နယ်(၁၀)တွင်(၁၄၃)ဧက၊တိုက်နယ်(၁၁) တွင်(၉၆)ဧက၊ တိုက်နယ်(၁၂)တွင် (၇၄)ဧက စုစုပေါင်း(၁၃၅၉)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)