ဆွမ်ပရာဘွမ်မြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ

ဆွမ်ပရာဘွမ် မတ် ၂၁

ဆွမ်ပရာဘွမ်မြို့တွင်၂၀၂၂ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆွမ်ပရာဘွမ်မြို့ပေါ် ရပ်ကွက်များ၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သော (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေမှုတွင် ဆွမ်ပရာဘွမ်မြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက စာစောင်တွင်ပါရှိသည့် ကာကွယ်စောင့်ရှောက်သွားမည်သာ၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ အသက်သွေးချွေးစဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ဆောင်ပုဒ်၊ (ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်မှ) ပါဝင်ကူညီ၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆောင်ပုဒ်၊ (၂၇-၃-၂၀၂၁ ရက်နေ့ ထုတ်မြန်မာ့အလင်းသတင်းစာမှ) ၅ စိုးမိုး(ပုသိမ်) နွေအလှကဗျာများ၊ တပ်မတော်သည် အမျိုးသားရေးကိုဘယ်တော့မှ သစ္စာမဖောက်နှင့် (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၇-၃-၂၀၂၁ ရက်နေ့ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်)မှ တည့်မတ်ထိန်းသိမ်းဆောက်ရွက်လျက်ရှိ စသည့်အကြောင်းအရာနှင့်​ဆောင်ပုဒ်၊ ကဗျာများစုံစုံလင်လင်ပါရှိသော (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို စည်ပင်စျေးဆိုင်များ၊ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များ၊ ပြည်ထောင်စုလမ်းမပေါ်တွင် သွားလာလှုပ်ရှား ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဟင်နရီမီးကိုဆာ