လက်ပံတန်းမြို့၌ (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

လက်ပံတန်း မတ် ၂၁

လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့်(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များကို  ယနေ့တွင် မြို့ပေါ်ရပ်ကွက်နှင့် ​ကျေးရွာအုပ်စုများတွင် ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂) ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ (၇၆) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ ဆောင်းပါးနှင့် ကဗျာများပါဝင်သည့် လက်ကမ်းစာစောင်များကို ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)