ဇလွန်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ဇလွန် မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက သဘာဝ​ဘေးအန္တရာယ် ကျရောက်လာပါက ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ မထိခိုက်မပျက်စီးရေး၊ ကြုံတွေ့လာပါက ပျက်စီးမှုအနည်းဆုံးဖြစ်ရေး တို့အတွက် ချက်ခြင်း အချိန်မီ ကာကွယ်ကယ်ဆယ်  ထောက်ပံ့ကူညီနိုင်ရေး စုဖွဲ့ဆောင်ရွက်ကြရန်၊ ထိခိုက်လွယ်သည့် ကျေးရွာအုပ်စုများအား အလေးထားကြိုတင်ပြင်ဆင်ထားရှိရေး၊ ပူးပေါင်းဆောင်ရွက်ရေး တို့ကို ဆွေးနွေးခဲ့ကြပြီး ကော်မတီဝင်များမှ အကြံပြုချက်များ အပေါ်ဆုံးဖြတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ -  ဇလွန် (ပြန် / ဆက်)