သတင်းများ

ဥတ္တရသီရိမြို့နယ် အောင်ချမ်းသိမ်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ စတုတ္ထအကြိမ်မြောက် ထုတ်ချေး
Mar 21,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက တောင်ညိုအုပ်စု၊ အောင်ချမ်းသိမ်း ကျေးရွာတွင် စတုတ္ထအကြိမ်မြောက် မြစိမ်း ရောင်စီမံကိန်းရန်ပုံငွေ ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်သို့ ပရဟိတအဖွဲ့များမှ သောက်သုံးရေများ လာရောက်လှူဒါန်း
Mar 21,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း နွေရာသီကာလ သောက်သုံးရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် ယမန်နေ့နေ့လည်ပိုင်းက ရန်ကုန်လူမှုကူညီရေး ပရဟိတအဖွဲ့များမှ မြို့နယ်အတွင်း သောက်သုံးရေများ လာရောက်လှူဒါန်း ခဲ့ကြသည်။
လှိုင်းဘွဲမြို့နယ်၌ China EXIM Bank ချေးငွေနှင့် Daedong လယ်ထွန်စက် အရစ်ကျချေးငွေနိုင်ရေး ညှိနှိုင်းဆွေးနွေး
Mar 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်အတွင်း သမဝါယမအသင်းသားအား China EXIM Bank ချေးငွေနှင့် Daedong လယ်ထွန်စက် အရစ်ကျချေးငွေနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ သည်။
လက်ပံတန်းမြို့နယ်တွင် စိုက်ပျိူးရေးဦးစီးဌာနမှတောင်သူများအား မြေနမူနာဓာတ်ခွဲအဖြေ သုံးသပ်အကြံပြုချက်များပေးအပ်
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် တောင်သူများ၏ မြေနမူနာဓာတ်ခွဲအဖြေများ သုံးသပ်အကြံပြုချက် ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ချမ်သာကုန်းအုပ်စု စိုက်ပျိုးရေးစခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ "ပန်းခင်းစီမံချက်" ဖြင့် ဒေသအဆင့် လျာထားချက် ပြည့်မီကျော်လွန် အောင်မြင်ခြင်း၊ ဂုဏ်ပြုပွဲအခမ်းအနားအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်ရောက်
Mar 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် အတွင်းရှိ အသက် (၁၆) နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသား စီစစ်ရေးကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်ပေးနိုင်ရေး ပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ရာ ယခုအခါဒေသအဆင့် လျာထားချက် ပြည့်မီကျော်လွန်အောင်မြင်ခြင်း ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၁) တွင် ကျင်းပပြုလုပ်ခဲ့သည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်
Mar 21,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  Community Centre  ခန်းမ၌ မတ်လ ၁၇ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
"သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဆွေးနွေးပွဲ"(Talk Show)ကျင်းပ
Mar 21,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်(၁၀)နာရီတွင် မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ၌ ကျင်းပ
Mar 21,2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်မတော်နေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)အချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။