သတင်းများ

သဘာဝဘေး(မုန်တိုင်းနှင့် လေပြင်း) အန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ
Mar 21,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်၌ သဘာဝဘေး(မုန်တိုင်းနှင့်လေပြင်း) အန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံ ကပ်စာစောင်ကို မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အသိပညာပေး နံရံကပ်စာစောင်တွင် ပြသထားရှိသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ် အဖြစ် လူဦးရေ ၄၃၅၂ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးပြီးဖြစ်
Mar 21,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်နေရာများတွင် ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ပင်စင်လစာငွေများအား ပုံမှန်စနစ်တကျ ထုတ်ပေးလျက်ရှိ
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့ အလိုက် ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် Women Club အဖွဲ့မှ စာဖတ်ဝိုင်းကျင်းပ
Mar 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်  ယနေ့နံနက် (၁၀) နာရီအချိန်က Women Club အဖွဲ့မှ စာဖတ်စွမ်းရည်၊ အသိပညာဗဟုသုတနှင့် အတွေးအမြင်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဒို့ကျေးရွာ  အတွဲ(၁၉)အမှတ်(၅)မှ  ပေါက်ပေါက်ရေးသားသည့် ဆေးဖက်ဝင်ငရုတ်ကောင်း၊   စံသူမြတ် (သုံးဆယ်) ရေးသားသည့် သက်ရှည်ကျန်းမာစေသော သင်္ဘောသီး၊ ဝင်းသန်းရေးသားသည့် နေ့စဉ်ပြုပေး အသက်ရှည်ဆေး စသည့် ဆောင်းပါးဖြင့်  စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်၌  မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ သတိပေးနှိုးဆော်
Mar 21,2022
တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ မုန်တိုင်းဘေးန္တရာယ်ဆိုင်ရာ သတိ ပေးနှိုးဆော်ခြင်းကို မတ်လ ၂၀ ရက်နေ့ ညနေ (၃) နာရီက ရေလုပ်ငန်း လုပ်ကိုင်နေသူများရှိရာ မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်း၍ နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းငယ် အန္တရာယ် သတိပေးထုတ်ပြန်ချက်များအား မြို့နယ်အတွင်း လူစည်ကားရာနေရာများ၊ သင်္ဘောဆိပ်များ၊ မြစ်ကမ်းတစ်လျှောက်နှင့် ကျေးရွာများအရောက် လိုက်လံနှိုးဆော်
Mar 21,2022
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းငယ် အန္တရာယ် သတိပေးထုတ်ပြန်ချက်များအား မြို့နယ်အတွင်း လူစည်ကားရာနေရာများ၊ သင်္ဘောဆိပ်များ၊ မြစ်ကမ်းတစ်လျှောက်နှင့် ကျေးရွာများအရောက် လိုက်လံနှိုးဆော်
ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Mar 21,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်စာရေးများ ပူးပေါင်းပြီး မတ်လ ၂၁ ရက်၊ယနေ့ နံနက် ၈ နာရီက ကျိုက်ဒုံမြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများအား ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။