ဗန်းမော်မြို့၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဂုဏ်ပြုပူဇော်ပွဲကျင်းပ
Mar 21,2022
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တပညိန္ဒာလင်္ကာရနှင့် သီလရှင် စာချဆရာကြီး ဒေါ်ဓနသိဒ္ဓိ၊ သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ သံဃာ၊ သီလရှင် (၄၈)ပါးတို့အား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်က သိမ်မဟာမင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။