လှိုင်းဘွဲမြို့နယ်၌ China EXIM Bank ချေးငွေနှင့် Daedong လယ်ထွန်စက် အရစ်ကျချေးငွေနိုင်ရေး ညှိနှိုင်းဆွေးနွေး

လှိုင်းဘွဲ  မတ် ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်အတွင်း သမဝါယမအသင်းသားအား China EXIM Bank ချေးငွေနှင့် Daedong လယ်ထွန်စက် အရစ်ကျချေးငွေနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ သည်။

ရှေးဦးစွာ ကရင်ပြည်နယ် သမဝါယမဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်စွာဦးက ကရင်ပြည်နယ်အတွင်း သမဝါယမဦးစီးဌာနမှ ချေငွေးဆောင်ရွက်နေသည့် လုပ်ငန်းများ၊ လယ်ယာမြေ အဆင့်မြင့်တင်ခြင်း လုပ်ငန်းများကို အဖွင့်အမှာစကားပြောကြားပြီး လှိုင်းဘွဲမြို့နယ် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးအောင်ကျော်ထူးနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက် က္ကဋ္ဌ ဦးလင်းခိုင်တို့က မြို့နယ်အတွင်း သမဝါယမအသင်းသားများအနေဖြင့် ချေးငွေများအား သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်ရန်၊ သမဝါယမအသင်း တိုးပွားလာရန်အတွက် အသင်းသားများအား ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ရှေးဆက် ဆောက်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော အသင်းသားများအား သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြပြီး စုစုပေါင်း အသင်းသား(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)