ဆိပ်ကြီးခနောင်တိုမြို့နယ်သို့ ပရဟိတအဖွဲ့များမှ သောက်သုံးရေများ လာရောက်လှူဒါန်း

ဆိပ်ကြီးခနောင်တို မတ် ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း နွေရာသီကာလ သောက်သုံးရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် ယမန်နေ့နေ့လည်ပိုင်းက ရန်ကုန်လူမှုကူညီရေး ပရဟိတအဖွဲ့များမှ မြို့နယ်အတွင်း သောက်သုံးရေများ လာရောက်လှူဒါန်း ခဲ့ကြသည်။

ထိုသို့ လာရောက်လှူဒါန်းရာတွင် စိတ္တသုခကုသိုလ်ပြုအသင်း(တွံတေး)၊ K & B . Taxi Group (ရန်ကုန်)နှင့် အခြားပရဟိတ အဖွဲ့များက မြို့နယ် လူမှုကူညီရေး ပရဟိတအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရေဂါလံ ၆၀၀၀၊ ၂၀ လီတာ သောက်ရေသန့်ဘူးကြီး ၁၅၀၀ နှင့် ၁ လီတာ သောက်ရေ သန့်ဘူး ၅၅ ဘူးတို့ကို မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် ဖြန့်ဝေလှူဒါန်းကြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူ ဦးထွန်းထွန်းအောင် နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဝေယံ(IPRD)