"သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဆွေးနွေးပွဲ"(Talk Show)ကျင်းပ

မန္တလေး မတ် ၂၁

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်(၁၀)နာရီတွင် မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါဆွေးနွေးပွဲတွင် မန္တလေးခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာငြိမ်းတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ပတ်ဝန်းကျင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ပြသာနာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို စတင်ဆောင်ရွက်လာမှု အခြေအနေများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်လာမှုများ၊ ပတ်ဝန်းကျင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေအကြောင်း သိကောင်းစရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မန္တလေး(ပြန်/ဆက်)