(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ၌ ကျင်းပ

ဒဂုံအရှေ့    မတ်   ၂၁

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်မတော်နေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)အချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က လူငယ်များအား အသိပညာဗဟုသုတ ပြည့်စုံကြွယ်ဝမှု၊ ဉာဏ်ပညာထက်မြက်မှုနှင့် လူမှု ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်စေရေးရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၌ အထွေထွေ ဗဟုသုတများ၊ တပ်မတော်နှင့်ပက်သက်သော သိကောင်းစရာများအား ဉာဏ်စမ်းပဟေဠိ အမေးမေးခွန်း(၃၀)ခုတွင် လူငယ်တို့၏အ​ထွေထွေဗဟုသုတများ သိရှိနားလည်စေရန် မေးမြန်းခြင်းနှင့် ယဉ်ပြိုင်ဖြေဆိုခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် အလားတူ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင်လည်း စာပေဖတ်ရှုမှုအပေါ် နားလည်သိမှတ်နိုင်မှုစွမ်းရည်များ ဖော်ထုတ်ကာ စာပေဖတ်ရှုမှု အလေ့အကျင့်များ ရရှိစေရန်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲအားမြို့နယ် စာရေးဆရာ အသင်းမှ Book Club အဖွဲ့တို့ဖြင့် ပူးပေါင်း၍ Youth Club အဖွဲ့မှ လူငယ်မျး၊ စာကြည့်တိုက်သို့ စာပေလာရောက်ငှားရမ်းဖတ်ရှုသည့် စာဖတ်ပရိသတ်(၂၀)ဦး ပါဝင် ယှဉ်ပြိုင် ခဲ့ကြပြီး  ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်သူများအားလုံးကို မြို့နယ်ဦးစီးအရာရှိ၊ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများမှ အမှတ်တရ ဆုလက်ဆောင်များနှင့်အတူ အချိုရည်ဘူးမုန့်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းအိမွန်