လက်ပံတန်း မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် တောင်သူများ၏ မြေနမူနာဓာတ်ခွဲအဖြေများ သုံးသပ်အကြံပြုချက် ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ချမ်သာကုန်းအုပ်စု စိုက်ပျိုးရေးစခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအးဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်က မြေဆီလွှာဓာတ်ခွဲစမ်းသပ်ရခြင်း အကျိုးကျေးဇူးများကို ရှင်းလင်ပြောကြားခဲ့သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် တာဝန်ရှိသူများက တောင်သူ (၄၁) ဦးအား မြေနမူနာဓာတ်ခွဲအဖြေများ သုံးသပ်အကြံပြုချက်များကို ပေးအပ်ခဲ့သည်။
အဆိုပါ မြေနမူနာဓာတ်ခွဲခြင်းလုပ်ငန်းကို ကျေးရွာအုပ်စုပေါင်း (၁၉)အုပ်စု၊ ကျေးရွာခွဲ (၃၉) ရွာတွင် မြေနေရာအကွက် (၄၁)နေရာကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ပြီး၊ ယင်းကဲ့သို့ တောင်သူများအတွက် မြေနမူနာဓာတ်ခွဲပေးခြင်းကြောင့် တောင်သူများ၏ လယ်မြေများတွင် နိုက်ထရိုဂျင်ဖော့စဖရပ်၊ ပိုတက်စီယမ်၊ ကယ်(လ်)စီယမ်၊ မဂ္ဂနီစီယမ်၊ ဆိုဒီယမ်ဓာတ်များ ပါဝင်မှုအဆင့်အတန်း အနည်းအများကို သိရှိရသည့်အတွက် တောင်သူများအနေဖြင့် မြေသြဇာ ထည့်သွင်းရာတွင် မြေသြဇာကို လိုအပ်သည့် အချိုးအစား မှန်ကန်စွာထည့်သွင်းပေးနိုင်ခြင်း၊ မြေဆီလွှာပြုပြင်ရန် မြေဆီလွှာ Ph အချဉ်အငံကိန်းကို သိရှိရခြင်း အကျိုးအာနိသင်များရရှိမည်ဖြစ်၍ မြေဆီလွှာဓာတ်ခွဲပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်ကပြောကြားသည်။
မြို့နယ်(ပြန်/ဆက်)