မုဒုံမြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 21,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေမှု အခြေအနေကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့တွင်းလမ်းတစ်လျှောက် လူစည်ကား ရာနေရာများ၊ ဈေးများနှင့် ပင်လယ်ကမ်းစပ်အနီး ကျေးရွာများသို့ သွားရောက် နှိုးဆော်ခဲ့သည်။