ဘုတ်ပြင်း မတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က Women Club အဖွဲ့မှ စာဖတ်စွမ်းရည် ၊ အသိပညာ ဗဟုသုတနှင့် အတွေးအမြင်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဒို့ကျေးရွာ အတွဲ(၁၉)အမှတ်(၅)မှ ပေါက်ပေါက်ရေးသား သည့် ဆေးဖက်ဝင်ငရုတ်ကောင်း ၊ စံသူမြတ်(သုံးဆယ်) ရေးသားသည့် သက်ရှည်ကျန်းမာစေ သော သင်္ဘောသီး၊ ဝင်းသန်းရေးသားသည့် နေ့စဉ်ပြုပေး အသက်ရှည်ဆေး စသည့် ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် Women Club ဥက္ကဋ္ဌ ဒေါ်အေးပိုက ငရုတ်ကောင်းစေ့သည် ပူစပ်သော အရသာရှိ၍ လေသလိပ်ကိုကြေစေကာ ဝမ်းမီးကိုတောက်စေတတ်၍ အစာကြေစေ၏ သည်းခြေကိုဖြစ်စေ၏ သွေးကိုကြွေစေ တတ်၏နှုတ်ကိုမြိန်စေ၏ နို့ရည်ကိုထွက်စေသည် ငရုတ်ကောင်းသီးသည် သွေးဆုတ်၊သွေးပုပ်၊ အတွင်းပူသော အနာ၊ ဝမ်းချုပ်သောအမာ၊ မီးတွင်း၌ချွေးမထွက်သောအနာ၊ ချွေးအလွန်ထွက် သောအနာ၊ ဝမ်းကိုက်သောအနာ၊ လေ၊ သလိပ်၊ သွေး၊ သည်းခြေတို့နှင့်ယှဉ်သော အလုံးစုံသောအနာရောဂါတို့ကိုနိုင်စေသည့် ဆောင်ပါးပါ အကြောင်းအရာများကို လည်းကောင်း၊ Women Club အဖွဲ့ဝင် ဒေါ်မိုးမိုးလွင်က သင်္ဘောသီးစားသုံးခြင်းဖြင့် သက်ရှည်ကျန်းမာစေသည့် ဆောင်ပါးပါ အကြောင်း အရာများကို လည်ကောင်း ၊ Women Club အဖွဲ့ဝင် ဒေါ်ဖြူဖြူဖွေးက စောစောအိပ် စောစောထလို့ လန်းဆန်းတက်ကြွ လူ့ဘဝ နေ့စဉ်ပြုပေး အသက်ရှည်ဆေး စသည့် ဆောင်ပါးပါအကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး Women Club အဖွဲ့ဝင်များက စာပေဖတ်ရှုခြင်းဖြင့် ကျန်းမာရေးဆိုင်ရာများအပြင် အသိပညာဗဟုသုတများနှင့် မိမိတို့၏အတွေး အမြင်များကို ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)