မြို့သစ်မြို့နယ်တွင် လူငယ်ဘက်စုံဖွံဖြိုးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 21,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ယနေ့နံနက် ၁၀နာရီအချိန်က လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အဖြစ် ကျောင်းသား၊ ကျောင်းသူလူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် ကျန်းမာကြံခိုင်စေရေးရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့က အသိညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။