စဉ့်ကူး မတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာကြည့်တိုက် လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိဒေါ်တင်ဇာလွင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲစာစောင်ပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန စာကြည့်တိုက်လုပ်ငန်း၏ ရည်ရွယ်ချက်၊ စာကြည့်တိုက်၏ အဓိပ္ပာယ်နှင့် စာကြည့်တိုက်ပညာ အကြောင်းတို့ကို ဖတ်ကြားဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်တင်တင်နုက စာကြည့်တိုက်အမျိုးအစားများ၊ ထူးခြားသည့်ဝိသေသများနှင့် ပတ်သက် ၍ ရှင်းလင်းဆွေးနွေးပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အေးမြမြမိုး က စာပြုလုပ်ငန်း၊ စာစုလုပ်ငန်းနှင့် စာငှားလုပ်ငန်းများအကြောင်းကို လည်းကောင်း၊ ရုပ်သံကျွမ်းကျင်- ၃ ဒေါ်ငြိမ်းချမ်းဝင်းက စာစုမှတ်ပုံတင်ခြင်းနှင့် အမျိုးအစား ခွဲခြားခြင်း အကြောင်းကိုလည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်အေးဇင်မာက ရည်ညွှန်းစာအုပ် အမျိုးအစားများအကြောင်းကိုလည်း ကောင်း အသီးသီးဖတ်ကြားပြီး မိမိတို့ဖတ်ရှုခဲ့သည့် စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲ စာအုပ်ပါ အကြောင်းအရာများမှ နားလည်မှတ်သားထားရှိမှုများကို တစ်ဦးချင်းအပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)