ပန်းတနော်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ အသင့်ပြင်ဆင် စုဖွဲ့ထားရှိ

ပန်းတနော် မတ် ၂၁

သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အသင့်ပြင်ဆင် စုဖွဲ့ထားရှိပြီး ဇတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့ မွန်းလွဲပိုင်းမှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုအခါ မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်ပါသဖြင့် ပြည်သူများ သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များမှ ဇတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြောင်း သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာန၊ ဖုန်းနံပါတ် ၀၄၆ ၃၀၂၁၉ နှင့် အရေးပေါ်ဖုန်းနံပါတ် ၁၉၁ သို့ ဆက်သွယ်ခေါ်ဆိုနိုင်ကြောင်း မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဦးထံမှ သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)