သတင်းများ

လပွတ္တာခရိုင်၌ မုန်တိုင်းဘေးအန္တရာယ် ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများနှင့် နှိုးဆော် ကြေညာခြင်းများ ဆောင်ရွက်
Mar 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်နှင့် သဘာဝ ဘေးအန္တာရယ်များ ကျရောက်လာပါက ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် မီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးအဖွဲ့စု့ဖွဲ့ ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
မက်မန်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေအထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ မတ်လ ၁၈ ရက် နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနရှိ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် လုပ်ငန်းသုံး ပစ္စည်းများ အသင့်စုဖွဲ့လေ့ကျင့်ဆောင်ရွက်
Mar 20,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်ဦးစီး ဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သော
ပုလောမြို့နယ်တွင် အထက်တန်း၊ အလယ်တန်း ကျောင်းသား/သူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြော
Mar 20,2022
အထက်တန်း၊ အလယ်တန်း၊ ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားစေရန် လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၁) နာရီက ပုလောမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
စဉ့်ကူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကျေးရွာများအရောက် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိ
Mar 20,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် မတ်လ ၅ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်ပြည်သူများအား Mobile အဖွဲ့များဖြင့် ကျေးရွာများအရောက် ကွင်းဆင်းကာကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ စဉ့်ကူးမြို့နယ်ရှိ ရွှေလှေကျေးရွာနှင့် ကျီတော်ကုန်းကျေးရွာတို့တွင် ဒေသခံပြည်သူ များအား ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။
ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်စိုက်ခင်းများ တူးဖော်ရောင်းချနေပြီဖြစ်
Mar 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများပြီး တောင်သူအများစုသည် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း ကြက်သွန်၊ ငရုပ်၊ နှမ်း၊ ငှက်ပျော စသည့် သီးနှံများ စိုက်ပျိုးလျက်ရှိရာ ကြက်သွန်စိုက်ခင်းများ တူးဖော်ရောင်းချနေပြီဖြစ်ကြောင်း စပါယ်တောကျေးရွာမှ တောင်သူ ဦးကျော်သိန်းက ပြောပြသည်။
လဲချားမြို့နယ် အမှတ်(၄)ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အမှတ်(၄)ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန် က သီရိဟံသာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေပေး
Mar 20,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်း ကော့ကရိတ်မြို့ အ.ထ.က (၁) ကျောင်း လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။