လပွတ္တာခရိုင်၌ မုန်တိုင်းဘေးအန္တရာယ် ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများနှင့် နှိုးဆော် ကြေညာခြင်းများ ဆောင်ရွက်

လပွတ္တာ မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်နှင့် သဘာဝ ဘေးအန္တာရယ်များ ကျရောက်လာပါက ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ် တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးအဖွဲ့စု့ဖွဲ့ ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရှာဖွေကယ်ဆယ်ရေးအဖွဲ့အား အသင့်စု့ဖွဲ့ထားရှိပြီး အဖွဲ့ဝင်(၃၅)ဦးပါဝင်သည်။

ယနေ့ နံနက်(၈)နာရီအချိန်က မြို့မစျေးကြီးအတွင်း၊ ရှပ်ပြေးသင်္ဘောများ၊ ရေယာဉ်ကြီးများအား လိုက်လံအသိပေး ကြေညာခြင်း၊ မြို့နယ်အတွင်း ပြေးဆွဲနေသော လိုင်းရေယာဉ်များအား မုန်းတိုင်း သတိပေး နှိုးဆော်ဆောင်ရွက်ပြီး အသက်ကယ်အင်္ကျီများ ဝတ်ဆင်အသုံးပြုတက်စေရေး ဆောင်ရွက်သည်။

အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင်(ပြန်/ဆက်)