မက်မန်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မက်မန်း မတ် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေအထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ မတ်လ ၁၈ ရက် နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးခြင်းလုပ်ငန်း၊ ဒေသတွင်း စားသုံးဆီဖူလုံရေး၊ သား၊ ငါးမွေးမြူရေးလုပ်ငန်းနှင့် စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း ရာနှုန်းပြည့် ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ တက်ရောက်လာသော ဌာနဆိုင်ရာအသီးသီးတို့မှ မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်