သတင်းများ

နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းများ ဆောင်ရွက်
Mar 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို မတ်လ ၁၈ ရက်နေ့ ညနေပိုင်းက မြို့နယ်စိုက်ပျိုးရေးရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Mar 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ဒေသခံပြည်သူများအား ဆက်လက်ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန် က မြို့နယ်ပြည်သူ့ဆေးရုံ ကြီးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သူများထဲမှ အဋ္ဌမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ် -၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Mar 20,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့နံနက်ပိုင်းက သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံနေသည့် အခြေအနေများအား လှည့်ပတ်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ကသာမြို့ အ.ထ.က(၁)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား “လူငယ်ရေးရာ အသိပညာပေး”ဟောပြောပွဲကျင်းပ
Mar 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ အကျင့်စာရိတ္တနှင့် စည်းကမ်း ကောင်းမွန်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ အားကစားစိတ်ဓာတ် မြင့်မားလာစေရန်နှင့် အသိပညာ ဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က “လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲ ပြုလုပ်ခဲ့သည်။
မန့်ဟီးရိုးမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၂ ခုနှစ်၊ မတ်(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် (၈:၃၀) အချိန်က အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်များသို့ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း သောက်သုံးရေ အခက်အခဲရှိသော အိမ်ထောင်စုများထံသို့ မြို့နယ်အတွင်းရှိ တာဝန်ရှိသူများပူးပေါင်း၍ သောက်သုံးရေများ ပေးအပ်လှူဒါန်း
Mar 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ သောက်သုံးရေ အခက်ခဲရှိသော အိမ်ထောင်စုများထံသို့ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မီးသတ်ဦးစီးဌာန၊ ရေဘောက်ဆာကားများဖြင့် သောက်သုံးရေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဟိုပန်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 20,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးဆောင်၍ ပညာရေးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ မွန်းလွဲ ၃ နာရီအချိန်က ဟိုပန်မြို့နယ်၊ ရွှေဝါ ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန့်ဟီးရိုးမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Mar 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။