လဲချားမြို့နယ် အမှတ်(၄)ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး ဟောပြောပွဲကျင်းပ

လဲချား   မတ်    ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အမှတ်()ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ()နာရီအချိန် က သီရိဟံသာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲ၌ လဲချားမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ဇင်မောင်နွယ်မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးတွင် အဓိကဖြစ်သည့် ကာကွယ်ဆေးထိုးနှံပေးရခြင်းအကြောင်းကို ပြည်သူများ သိရှိနားလည်စေရန် အသေးစိတ်ရှင်းလင်း ပြောကြားပေးခဲ့ပြီး မြို့နယ်အားကစားမှူး ဦးထိန်လင်းမှ အမှတ်()ရပ်ကွက်အတွင်း ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးမည့် လုပ်ငန်းစဉ်များကို ပြည်သူများအား အသိပေးပြောကြားပြီး ဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး သိလိုသည်များကို မေးမြန်းရာ မြို့နယ်ဆရာဝန်ကြီးမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (လဲချား)