သတင်းများ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာန(၅)ခု တို့အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်
Mar 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၅)ခုတို့အား မီးဘေး ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျုံပျော်မြိုနယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီ အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်း ဖွင့်လှစ်သင်ကြား
Mar 29,2022
လူငယ်များ နွေရာသီအားလပ်ရက်တွင် ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြိုနယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်‌ နွေရာသီအခြေခံအင်္ဂလိပ်စာ (အခမဲ့)သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြိုနယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Mar 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃာဒါန ဆွမ်းလောင်းအသင်း၏ ၄၈၁၃ ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
Mar 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏(၄၈၁၃) ကြိမ်မြောက် အရုဏ် ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ပန်းကြယ်သီးထိုးနည်း အခြေခံသင်တန်းဖွင့်လှစ်
Mar 29,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Woman Club ၊Youth Club အဖွဲ့တို့ပူးပေါင်း၍ အိမ်တွင်းမှု အတတ်ပညာဖြင့် မိသားစု အပိုဝင်ငွေရရှိရေး ပန်းကြယ်သီးထိုးနည်း အခြေခံသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်တွင် ကာယဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Mar 29,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက  မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ များအား ကာယဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပေးခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ နွေရာသီ ရေရှားပါးသည့်ကျေးရွာများသို့ ရေပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေ ဂါလန် ၁၀၀၀၀ သွားရောက် လှူဒါန်းပေး
Mar 29,2022
နှစ်စဉ်နှစ်တိုင်း နွေရာသီကာလတွင် သောက်သုံးရေအခက်အခဲကြုံတွေ့နေရသည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာ အုပ်စု၊ ထီဆုံ(ပေါ်)ကျေးရွာသို့ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးနှင့် သောက်ရေဖူလုံစွာ သုံးစွဲနိုင်ရေး အတွက် ကျေးရွာအရောက် သောက်ရေများသွားရောက် လှူဒါန်းပေးခြင်းကို မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့ နံနက် ၉ နာရီက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး အသိပေးကြေညာ
Mar 29,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် မတ်လ ၃၁ ရက်နေ့၌ ကျင်းပ မည့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ  စိတ်အေးချမ်းသာ ဖြေဆိုနိုင်စေရေး အသိပေးကြေညာခြင်းကို ယမန်နေ့ညနေတွင် မီးသတ်ဦးစီးဌာနမှ တာဝန်ခံနှင့် တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။