ပုလောမြို့နယ်တွင် အထက်တန်း၊ အလယ်တန်း ကျောင်းသား/သူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြော

ပုလော   မတ်   ၂၀

အထက်တန်း၊ အလယ်တန်း၊ ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားစေရန် လူငယ် ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၁) နာရီက ပုလောမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌  ကျင်းပခဲ့ သည်။

ဟောပြောပွဲတွင် ပုလောမြို့နယ် ပညာရေးမှူး စောသိန်းဝင်းက လူတော်လူကောင်းများ ဖြစ်လာစေရန် လိုက်နာရမည့် စည်းကမ်း ကျင့်ဝတ်များကို ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်အေးအေးမော်က အနာဂတ်မျိုးဆက်သစ် လူငယ်လေးများက ထူးချွန်ထက်မြက် ယုံသာမက အကျင့်စရိတ္တကောင်းဖို့ အရေးကြီးကြောင်း၊ တိုင်းပြည်နှင့်လူမျိုး ရေရှည် တည်တံ့ခိုင်မာရေးက နိုင်ငံသားကောင်း လူငယ်များရဲ့ လက်ထဲမှာရှိကြောင်း၊ ကျောင်းသား လူငယ်များ အနေဖြင့် စာရိတ္တရဲ့ အခြေခံသဘောတရားကို  နားလည်လက်ခံပြီး ကျင့်သုံးတတ်ဖို့ အရေးကြီးကြောင်း၊ နိုင်ငံကြယ်ပွင့်မျိုးဆက်သစ် လူငယ်လေးများအနေဖြင့် စာရိတ္တကောင်းမွန်၍ ရာနှုန်းပြည့် လူတော်လူကောင်းများ ဖြစ်လာစေဖို့ အကျင့်စာရိတ္တကောင်းမွန်ရေးကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော)