ညောင်ဦး မတ် ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်ဦးစီး ဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာ ဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး လုပ်ငန်းစဉ်များနှင့်အညီ မိမိတို့မြို့နယ်အတွင်း ဖြစ်ပေါ် လာနိုင်သော မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိသော လုပ်ငန်းစီမံချက်များအား နှစ်စဉ်ရေးဆွဲကာ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ပစ္စည်းများအား ကာကွယ် စောင့်ရှောက်လျက်ရှိကာ သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်၍ ညောင်ဦးမြို့နယ်အတွင်း အသင့်စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေး တပ်စုအင်အား (၃၅)ဦးဖြင့် ညောင်ဦးမြို့နယ်အတွင်း သဘာဝ ဘေးအန္တရာယ် ကျရောက်လာပါက ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ပစ္စည်းများအား အချိန်နှင့်တပြေးညီ ထွက်ခွာတုံ့ပြန်ကူညီ ဆောင်ရွက်နိုင်ရန်နှင့် ဆုံးရှုံးမှုတန်ဖိုး နည်းနိုင်သမျှ နည်းစေနိုင်ရေးအတွက် ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်းများအား အသင့်စုဖွဲ့လေ့ကျင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန် မှစတင်ကာ ညောင်ဦးမြို့၊ အမှတ်(၆)၊ အောင်မြေသာရပ်ကွက်အတွင်းရှိ ဆောက်လုပ်ဆဲ RC နှစ်ထပ် တိုက် အဆောက်အဦ နှင့် လူနေအိမ်များတွင် ဇာတ်တိုက်လေ့ကျင့်ခြင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD