တပ်ကုန်း မတ်လ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မတ်လ(၂၇)ရက် နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့တွင်း လူစည်ကားသည့် နေရာနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများကို (အခမဲ့) ဖြန့်ဝေပေးခဲ့သည်။
ထိုလက်ကမ်းစာစောင်တွင် ကာကွယ်စောင့်ရှောက်သွားမည်သာ၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ၊ ပါဝင်ကူညီ၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ နွေအလှ၊ တည့်မတ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိ၊တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် စသည့်ခေါင်းစဉ်များ ပါဝင်ပြီး၊ အဆိုပါ "သတင်းစကား" လက်ကမ်း စာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေပေးခဲ့ ကြောင်း သိရသည်။
တင်စိုးလွင်