ကျေးသီးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲများ အဆင်ပြေလွယ်ကူစွာ ဖြေဆိုနိုင်ရေးအတွက် လျှပ်စစ်ဝါယာကြိုး၊ မိန်းခုံများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကျေးသီး မတ် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင်  အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲများ အဆင်ပြေလွယ်ကူစွာ ဖြေဆိုနိုင်ရေးအတွက် လျှပ်စစ်ဝါယာကြိုးများ၊ မိန်းခုံများ စနစ်တကျ ရှိ / မရှိ စစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  ကျေးသီးမြို့နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလွင်မှ ဦးဆောင်၍၊ မြန်မာ့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ခွဲရုံမှူး ဦးသိန်းဇော်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဝင်းကြိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ တို့ပါဝင်၍ အခြေခံပညာအထက်တန်းကျောင်းရှိ စာမေးပွဲဖြေဆိုရာတွင် အသုံးပြုမည့် စာဖြေခန်းများအားလျှပ်စစ်ဝါယာကြိုးများ၊ မိန်းခုံများ စနစ်တကျ ဆောင်ရွက် ထားခြင်း ရှိ / မရှိ၊ မီးချိတ် မီးကပ်နှင့်ဆက်စပ်ပစ္စည်းများ၊ မီးသတ်ဆေးဗူးထားရှိမှုအခြေအနေ၊ ရေလှောင်ကန်များ ရေလုံလောက်မှု ရှိ/မရှိ စသည်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သဲစုပိုင်(ကျေးသီး)