စုကလိ မတ် ၂၂
ကရင်ပြည်နယ်မြဝတီခရိုင်စုကလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းတွင် စုကလိမြို့ပြည်သူများအား ဗဟုသုတရရှိစေရန် အလို့ဌာ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်။ တပ်မတော်သည်အမျိုးသားရေး ကိုဘယ်တော့မှသစ္စာမဖောက် စသည့်ဆောင်ပုဒ်များ ဂုဏ်ပြုကဗျာ၊ (၇၆)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်း အနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ် ချက်များပါဝင်သည်။
ထိုလက်ကမ်းစာစောင်များအား အ.ထ.က ကျောင်းများတွင်လည်းကောင်း၊ မြို့နေပြည်သူများ အားလည်းကောင်း၊ ကျေးရွာများရှိပြည်သူများထံသို့ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ပိုပိုအောင်